Saturday, September 22, 2007

Thai Int'l Photo Contest 2007







အသင်းသား ကိုကျော်ကျော်ဝင်းသည် Thai Int'l Photo Contest 2007ပြိုင်ပွဲတွင်ဆုရခဲ့သဖြင့် ယိုးဒယားနိုင်ငံ၊ဘန်ကောက်တွင် ဆု သွားယူ ခဲ့ပါတယ်။(ကိုကျော်ကျော်ဝင်းဟာဒစ်ဂျစ်တယ်ကဏ္ဍမှာ ပထမဆုအဖြစ် ဘတ် ၂၀၀၀၀၊ ဂျပန် အိုဆာကာမြို့သို့ အသွားအပြန်လေယာဉ်လက်မှတ်၊ Canon Printer တို့ကိုရရှိခဲ့ပြီး၊ ပါတ်စ်ပို့ အချိန်မီမရလို့ မသွားနိုင်ခဲ့တဲ့၊ ဖလင်ကဏ္ဍ ဒုတိယဆု(
ဘတ် ၁၀၀၀၀၊ ၊ Canon Printer) ရှင်ကိုအောင်မျိုး အတွက်ပါ ကိုယ်စားယူခဲ့တယ်လို့သိရပါတယ်။)

Friday, September 21, 2007

All Myanmar Photo Competition

(၄၆)ကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဓာတ်ပုံပြိုင်ပွဲကြီးကို ကျင်းပမှာဖြစ်ပါတယ်။ ပါဝင်တဲ့ကဏ္ဍတွေက အောက်ပါအတိုင်းဖြစ်ပါတယ်။
(၁) မိုနိုကရုဏ်း
(၂) စံပြအလှမယ်(ရောင်စုံ)
(၃) ရှုချင်စဘွယ်(ရောင်စုံ)
(၄) ဒစ်ဂျစ်တယ် အထူးပြုလုပ်ချက်
(၅) သဘာဝလေ့လာချက်(ရောင်စုံ) တို့ဖြစ်ပါတယ်။
ပုံအရွယ်အစားက10x12 ကနေ10x15 အထိ ဖြစ်ပါတယ်။ ပြိုင်ပွဲ ပိတ်ရက်က (၃၁-၁-၂၀၀၈)နေ့ ညနေ (၅)နာရီ ဖြစ်ပါတယ်။ အသေးစိတ် အချက်များကို ဝေငှစာထဲမှာ ဖေါ်ပြထားပေးပါတယ်။
အသင်းရဲ့ ၂၀၀၇ခုနှစ်၊ စက်တင်ဘာလဝေငှစာကို စာတိုက်ကတဆင့် ပေးပို့ပြီးဖြစ်ပါတယ်။ မရရှိသေးသူများ အသင်းတိုက်သို့ ဆက်သွယ်ပြီး လိပ်စာ ပြန်စစ်သင့်ပါတယ်။ လိပ်စာပြောင်းသွား ပေမယ့် အကြောင်းမကြားကြတာ ကိုတွေ့နေရပါတယ်။

MPS Winning Photos

အခုလကစပြီး၊ အသင်းပြိုင်ပွဲတွေက ဆုရဓာတ်ပုံတွေကို MPS WINNING PHOTOS Blog မှာတင်ပေးထားတော့မှာ ဖြစ်ပါတယ်။ ဘေးမှာရှိတဲ့ MPS WINNING PHOTOS Link ကနေ ၀င်ကြည့်နိုင်ပါတယ်။ နိုင်ငံတကာက ဓာတ်ပုံပြိုင်ပွဲ Links တွေကိုလည်း ဖေါ်ပြပေးဘို့ စီစဉ်နေပါတယ်။
အမှုဆောင်အဖွဲ့

Thursday, September 20, 2007

Model Schedule Changed

ဒီလ စံပြမယ် အလှရိုက်ကူးခြင်းကို စိတ်ကြိုက်စံပြမယ် ခေါင်းစဉ် ဖြင့်သာ ယှဉ်ပြိုင်ကြဘို့ ပြောင်းလဲသတ်မှတ်လိုက်ပါတယ်။
အမှုဆောင်အဖွဲ့

MPS 57th Anniversary

မြန်မာနိုင်ငံဓာတ်ပုံအသင်း၏ (၅၇)နှစ်မြောက် နှစ်ပါတ်လည် အထိမ်းအမှတ်ပွဲကို (၂၁-၁၁-၂၀၀၇)နေ့မှာ ခမ်းခမ်းနားနား ကျင်းပသွားမှဖြစ်ပါတယ်။ အသင်းနဲ့ဆိုင်တဲ့ ရှားပါးဓာတ်ပုံများ ရှိပါက Scan ဖတ်ပြီးတော့ဘဲ ဖြစ်ဖြစ် လှူဒါန်းကြဘို့ မေတ္တာ ရပ်ခံပါတယ်။
အမှုဆောင်အဖွဲ့

Photography Talks No.10

ဒီတပါတ်စကားဝိုင်းကို နောက်တစ်ပါတ်သို့ရွှေ့လိုက်ပါတယ်။
အမှုဆောင်အဖွဲ့

Saturday, September 15, 2007

Photo Seminar No.(2)

အသင်းဝင်များခင်ဗျား
အသင်း၏ ဓာတ်ပုံပညာပြန့်ပွားရေး အစီအစဉ်အဖြစ်၊ ဆွေးနွေးပွဲ အမှတ်(၂)ကို အောက်ပါအစီအစဉ် အတိုင်း ကျင်းပပေးမှာဖြစ်ပါတယ်။
၂၉-၉-၀၇ သတင်းဓာတ်ပုံရိုက်ကူးခြင်း (နေ့လည် ၂း၀၀ မှ ၄း၀၀)

အမှုဆောင်အဖွဲ့

October Outdoor: Inle Trip

အသင်းဝင်များခင်ဗျား
အောက်တိုဘာလ အင်းလေးခရီးစဉ်ကို အောက်ပါအစီအစဉ်အတိုင်း သွားမှာဖြစ်ပါတယ်။
၁၆-၁၀-၀၇ နံက် ၅း၃၀ ရန်ကုန် မှ အင်းလေး သို့ Air Con: Bus ဖြင့် သွားမည်။နိုဝင်ဘာဟိုတယ်တွင် ညအိပ်မည်။
၁၇-၁၀-၀၇ နံနက် ၅း၀၀ အင်းလေးကန်တွင် မိမိ စိတ်ကြိုက် ရိုက်ကူးကြမည်။(စက်လှေခ ပါပြီး)
၁၈-၁၀-၀၇ နံနက် ၄း၃၀ လင်းကင်း-ညောင်ရွှေ ဖေါင်တော်ဦး ဒေသစာရီ ကြွသည်ကို ရိုက်ကူး
နံနက် ၈း၃၀ ညောင်ရွှေ လှေပြိုင်ပွဲနှင့် ဘုရားပွဲဈေး ရိုက်ကူး ပြီး နေ့လည် ၁၂း၀၀
နာရီတွင် Check-out လုပ်ကာ ပင်းဒယ သို့သွားမည်။ ပင်းဒယဂူတွင် ရိုက်ကူးမည်။
ပင်းဒယဟိုတယ်တွင် တည်းမည်။
၁၉-၁၀-၀၇ နံနက် ၅း၃၀ ပင်းဒယနံနက်ခင်းအလှ ရိုက်၍၊ ပင်းဒယ-အောင်ပန်းလမ်းတစ်လျှောက်မှ ပန်းနှမ်းခင်းများကို ရိုက်ကူး၍၊ ကလောမြို့ ၀င်းနားဟိုတယ်တွင် ညအိပ်မည်။
၂၀-၁၀-၀၇ နံနက် ၄း၃၀ ကလော-ရန်ကုန် အပြန်ခရီးစဉ်
မှတ်ချက်။ တစ်ဦးလျှင် ၁သိန်းကျပ်(ကားခ၊ဟိုတယ်ခ၊စက်လှေခ အပြီး)၊ကျသင့်ပါသည်။
(၂၀-၉-၀၇)နေ့နောက်ဆုံးထား၍ စာရင်းသွင်းရပါမည်။ သတ်မှတ်ဦးရေပြည့်မှ သွားနိုင်ပါမည်။
အမြဲသွားနိုင်သော ခရီးစဉ်မျိုး မဟုတ်ပါ၍ တတ်နိုင်သမျှ လိုက်ပါကြပါရန်။
အမှုဆောင်အဖွဲ့

Myanmar Font

အသင်းဝင်များခင်ဗျား
ဇော်ဂျီစာလုံးပုံစံသုံးပြီး ၀င်ရေးနိုင်ကြပါတယ်။

အမှုဆောင်အဖွဲ့

Wednesday, September 12, 2007

Photo Seminars

Dear Members,

Our EC is trying to arrange Photo Seminars for the benefits of our MPS members and here are some schedules...
14-9-07 1:00pm to 4:00pm Photography as fine arts by Mr. Nick Korn,a Professional Photographer

29th September'07 Time: 2:00-4:00pm Photo-journalism by 3 senior photo reporters
----
----
And we'll try to arrange seminars in every month.

Warmest Regards,
MPS EC

Photography Talks Schedules

Dear Members,
Here are Photography Talks Schedules
Date
20 Sep 07
04 Oct 07
25 Oct 07
08 Nov 07

Warmest Regards,
MPS EC

Outdoor & Model Schedules For October

Dear MPS Members,
For October 2007
Outdoor..... Inle Trip (16-20 Oct'07)Fees: 100,000Ks(Air con: bus, Hotel fees, Boat fees except meals)Last Date: 20 Sep 07

Model: 14 Oct 07